ဓါတ်ပုံ ရိုက် တာ ကို မျိုး ရိုး လိုက် ၀ါ သနာ ပါ တဲ့ ကျွန်တော် တယောက် ဘယ် သွား သွား ကင်မရာ ယူသွား လေ့ ရှိ တယ်။
ကင်မရာ မယူတဲ့ နေ့ ဆို ရိုက် ချင် စရာ မြင် ကွင်း တွေ က မျက် စေ့ထဲ မှာ တမျိုး ပြီး တမျိုး တွေ့ တတ် တယ်။ အဲဒီလို နေ့ မျိုး ဆို ရင် ကင်မရာ က လည်း မယူ လာ မိ တာ ကို နောက် ထ ရ လေ့ ရှိ တယ်။
တခါ တလေ အပြင် ထွက် တဲ့ အခါ ပေါ့ ပေါ့ ပါး ပါး လွတ် လွတ် လပ် လပ် သွား ချင် တော့ ကင်မရာ မယူ တော့ ဘူး။ ကင် မရာ က တော် တော် လေး တယ်. ။
ကင် မရာ မပါ တော့ လည်း ရိုက် ချင် တာ လက် ယား နေ တော့ ပါ လာ တဲ့ Iphone 4S ထုတ် ပြီး ရိုက် တာ ပေါ့ ဗျာ.
Iphone 4S photo resolution က 8- Megapixel ဘဲ ရှိ ပေ မဲ့ အလင်း ရောင် ကောင်း ကောင်း ရ ရင် ဓါတ် ပုံ ကောင်း ရ တတ် ပါ တယ်။
အောက် မှာ မြင် ရ တဲ့ ပုံ အား လုံး ကို 4s နဲ့ ရိုက် ခဲ့ တာ ပါ ။ ခံ စား ပေး ပါ အုန်း။
ဟုတ်တယ် ။
Iphone 4s resolution က 8-Megapixel ပဲ ရှိ တော့ DSLR ကင်မရာ တွေ နဲ့ ရိုက် တဲ့ ပုံ တွေ ကို တော့ ဘယ် မှီ ပါ့ မ လဲ ဗျာ။
ဒါ ပေ မဲ့ တော် ရုံ တန် ရုံ Point-and-Shoot ကင်မရာ တွေ ထက် တော့ အများ ကြီး ကွာလတီ ကောင်း ပါ တယ်။
အဲဒါ ကြောင့် အ ပြင် ထွက် ရင် လေး လွန်း တဲ့ DSLR ကင် မရာ တွေ အစား ပေါ့ ပါး လွယ် ကူ တဲ့ Point-and-Shoot ကင်မရာ အသေး တလုံး ၀ယ် မဲ့ အစီစဉ် ကို ဖျက် လိုက် ပြီ။
Iphone ရှိ နေ မှ တော့ P-A-S လည်း မ လို တော့ ဘူး။ ငွေ လည်း ချွေ တာ မိ တာ ပေါ့ ဗျာ။
နယူးယောက် မြို့ ထဲ က လမ်း ဘေး ပန်းအိုး လည်း ချမ်း သာ မပေး ဘူး။ လှ တာ တွေ့ ရင် ရိုက် ချင် တယ်။
နယူးဂျာစီ ပြည် နယ် အတ္တလံတစ် မြို့ တော် က ကာစီနို ကစား ၀ိုင်း တွေ ရှိ တဲ့ ပင်လယ် ကမ်း ခြေ ကို အလည် ရောက် စဉ် က ရိုက် ခဲ့ တာ တွေ ပါ။ နယူး ယောက် နဲ့ ဆို ၂ နာရီ ခွဲ လောက် ကား မောင်း သွား ရင် ရောက် ပါ တယ်။
အတူ သွား တဲ့ သူငယ် ချင်း တွေ က ကျွန်တော့် ကို ကစား ၀ိုင်း ထဲ မှာ အချိန် ဖြုန်း နေ တယ် ထင် ကြ တာ.။
ကိုယ်တော် က ဖုန်းကင်မရာ နဲ့ ကမ်းခြေ မှာ လက် ဆော့ နေ တာ။ လောင်း ကစား ၀ါ သနာ မပါ တာ ကိုယ့် ကို ကိုယ် ကျေး ဇူး တင် မိ တယ်။
အဲ ဒီ နေ့ က ဒီ ကောင် တွေ အနည်း ဆုံး တ ယောက် ကို ဒေါ်လာ ၁၅၀၀ လောက် ရှုံး တယ် ပြော တယ်။ အပြန် လမ်း မှာ ကား ပေါ် မှာ စကား သံ တွေ ကို တိတ် ဆိတ် နေ တာ ပဲ။ ရှုံး ကြ တော့ အတွေး ကိုယ်စီ နဲ့ နောင် တ ရ နေ ကြ တာ။
ကျွန်တော် က တော့ ဓါတ် ပုံ ကောင်း လေး တွေ ရ လိုက် လို့ ကျေ နပ် နေ တယ်။
သူ တို့ ကစား လို့ ရှုံး တဲ့ ဒေါ် လာ ကို ကျွန်တော် သာ ဆို မှန် ဘီ လူး ကောင်း ကောင်း တ လက် ထပ် ၀ယ် ပြစ် မယ်။ မ ကစား ဘူး။
ကာစီ နို က စား လို့ နိုင် တဲ့ လူ ၊ ချမ်း သာ တဲ့ လူ မတွေ့ ဘူး သေး သလို ၊ မွဲ သွား တဲ့ ကာစီနို ပိုင် ရှင် လည်း မတွေ့ ဘူး သေး ဘူး ။ (ကိုယ် ပဲ သူတို့ နဲ့ မ ဆုံ လို့ လား မသိ ဘူး။ )
ဒီ ပုံ တွေ က နယူးယောက် က ပန်း ခြံ တခု မှာ ရိုက် ထား တဲ့ ပုံ တွေ ပါ။
ကျေး ဇူး တင် ပါ တယ်။ နောင် လည်း လာ လည် ကြ ဘို့ ဖိတ် ခေါ် ပါ တယ် ခင် ဗျာ။













