ဓါတ်ပုံ ရိုက် ခြင်း၊ ခရီးထွက် ခြင်း ၊ စာဖတ်ခြင်း တို့ ကို အလွန် ၀ါသနာ ပါသူ ဖြစ်ပါ တယ်။ စာဖတ်သူ လည်း ကျွန်တော် နဲ့ ၀ါသနာ တူ ဖြစ် ပါ က ယခု ဖတ် နေ သော ကျွန်တော် ရဲ့ ဘလော့ စာမျက် နှာ များ သည် စာဖတ် သူ အား စိတ်ကျေနပ် မှု တစုံ တရာ ပေး နိုင် လိမ့် မယ် ထင် ပါ တယ်။ အချိန်ပေး ပြီး အလည် လာ သူ အားလုံး ကို လေးစား စွာ ကြိုဆို ပါ တယ်။

December 26, 2010

နယူးယောက် ရဲ့ဒီဇင်ဘာညများ(၂)

မင်္ဂလာပါ။ 
ခရစ်မတ် အချိန်အခါ နဲ့ နှစ်သစ်ကူး ကာလမှာ မင်္ဂလာအပေါင်း နဲ့ ပြည့်စုံပါစေ လို့ လာလည်သူများကို နုတ်ခွန်းဆက်ပါတယ်။
ဒီနေ့ တနင်္ဂနွေနေ့ နယူးယောက်မြို့မှာ နှင်းတွေ တအားကျပါတယ်။ နံနက် ၁၀နာရီ ၃၀ လောက်က စကျတာ အခု စာရေးတဲ့ အချိန် ညနေ ၆နာရီခွဲထိ ကျလို့ကောင်းတုံးပါ။ ဒီနှစ်  ဆောင်းရာသီ အတွက် ခရစ်မတ်ရာသီချိန် နယူးယောက်မြို့မှာ  ပထမဆုံးကျတဲ့နှင်းပါ။  နှင်းထုထည် ၁၁ လက်မ ကနေ ၁၆ လက်မ အထိ  ကျမယ်လို့  မိုးလေ၀သ ခန့်မှန်းချက်တွေ  ကဆိုထားပါတယ်။   ခရစ်မတ် လက်ဆောင် ထင်တယ်။   ကားတွေ မောင်းနေရင်း လမ်းပေါ်မှာ ဘီးတွေချော် နေတာ ကို နေရာတိုင်းမှာ  တွေ့နေရတယ်.။ ခရစ်မတ် ရုံးပိတ်ရက်ပြီးတော့   အလုပ်ပြန်သွားရတာ တော်တော် ပျင်းစရာကောင်းတယ်။ မတတ်နိုင်ဘူးလေ။ လက်လှုပ်မှ ပါးစပ်လှူပ် ရတဲ့  ဘ၀ မှာ နှင်း တွေကျလဲ သွားရမှာဘဲ။ ကိုယ်က နှင်းကျတဲ့နိုင်ငံမှာ လာနေတာကိုး။အင်း.... မနက်ဖန် အလုပ်သွားရမယ်..
နှင်းတွေဖုံးနေတဲ့ မန်ဟန်တန်မြို့ထဲက  စင်ထရယ်ပတ်(ခ်)ရယ်. ဖစ်အဲဗင်းယူးလမ်း ကြီး တလျှောက်ကို လမ်းလျှောက်ရင်း ခရစ်မတ် ရာသီမှာ နယူးယောက်မြို့အလှတစိတ်တပိုင်းကို တင်ပြလိုက်ပါတယ်။
စင်ထရယ်ပတ်(ခ်) ဟိုတယ်









ခလေးတွေ ချမ်းနေရှာမှာဘဲ









နှင်းမုန်တိုင်းအောက်မှာ လမ်းလျှောက်ရတာ ပျော်တယ်ဆိုတဲ့ မမများ


ဖဲပြားသေးသေးရောင်းမယ်..


  


Do not upset. Bus is approaching . You are not alone. I am right behind you.


Dad ! I am very sleepy .
ရော့ကီဖဲလားစင်တာက Atlas ကြေးရုပ်က သူတာဝန်သူကျေတယ်.. ဘယ်လောက်အေးအေးချမ်းချမ်းသူကတော့ ထမ်းထားဆဲဘဲ။
ခရစ်မတ် သစ်ပင်ရှိတဲ့ ရော့ကီဖဲလားစင်တာ 










နှင်းကျနေတော့ ၀ယ်သူကင်းမဲ့နေတဲ့ ဈေးတန်းလေး Bryant park




ကိုယ့် အိတ်ထဲက ငွေစိုက်ပြီး နယူးယောက် မယ်တော်ကြီးလုပ်ချင်သူကလဲ ရှိသေးတယ်။


ပင်တာ ပေါက်စ ပျော်နေလိုက်တာ .. သွားတွေးအေးကုန်ပြီ...
ဘရိုင်ရင့်ပတ်(ခ်) က ရေခဲပြင်စကိတ်ကွင်းလဲ စီးသူမဲ့ချိန်
နှင်းမုန်တိုင်းဆိုတာ ဒါမျိုးကိုခေါ်တာထင်တာဘဲ။
အပေါ်မှာ နှင်းမုန်တိုင်းကျ နေတာ ကို ဘာမှ မဖြစ်သလို မသိချင်ယောင်ဆောင်နေတဲ့ ၄၂ လမ်းမြေအောက်ဘူတာရုံ
အဲဒီမြေအောက် ဘူတာကနေ အိမ်ပြန်ခဲ့ပါတယ်။

4 comments:

  1. နှင်းကျတာက ဓာတ်ပုံထဲ ကြည့်ရင် ရုပ်ရှင်ထဲကြည့်ရင်တော့ ပျော်စရာ ကောင်းတယ်။ တကယ် နှင်းထဲ လမ်းလျှောက်ရတာတော့ စိတ်ပျက်ဖို့ ကောင်းတယ်။ :)

    ReplyDelete
  2. မမြင်ဘူးတာ မြင်ဘူးရလို့ကျေးဇူး

    ReplyDelete
  3. ဟုတ်ပ ZT. လမ်းလျှောက်ရတာ အားကုန်ပြီး ခရီးမတွင်ဘူး။ ဘိနပ် ချော်နေလို့။

    ReplyDelete
  4. လာလည်တာ ကျေးဇူးပါ။

    ReplyDelete