ပုရိသ ယောကျာင်္းတွေ အသဲစွဲ ပလေးဘွိုင်း မဂ်ဂဇင်း စာအုပ် တည်ထောင်သူ ဟုဟီ(ဖ်)နာ ၈၄ နှစ်က တတိယ အကြိမ်မြောက် လက်ထပ်ဘို့ စေ့စပ်ပြီးပါကြောင်း။
သူ လက်ဆက်မဲ့ တတိယ မြောက် ကံကောင်းသူလေး ကတော့ ပလေးဘိုင်း မဂ်ဂဇင်း မော်ဒယ်တဦးဖြစ်တဲ့ အသက် ၂၄ နှစ်သာရှိသေးတဲ့ ခရစ်စတယ်(လ်) ဟရစ် ဆိုသူ ရွှေရောင် ဆံပင်ပိုင်ရှင်လေးဖြစ်ပါတယ်.
ဟုဟီ(ဖ်)နာ ရဲ့ ဒုတိယ ဇနီးဖြစ်တဲ့ ကင်ဘာလီကွန်ရတ် ကို ဒီ နှစ်ဦးပိုင်းမှာ ကွာရှင်းခဲ့ ပြီး ပထမ ဇနီး မိုင်ရတ် ၀ီ(လ်)ယံ ကို ၁၉၅၉ ခုမှာ ကွာရှင်းခဲ့ပါတယ်။
ကံကောင်းသူလေး ခရစ်စတယ်(လ်) ဟရစ် က ၂၀၀၉ ခုနှစ် ထုတ် တဲ့ ပလေးဘွိုင်း မဂ်ဂဇင်း မှာ playmate အလှပိုင်ရှင် ဖြစ်ပါတယ်။ အဲဒီ စာမျက်နှာ မှာ သူမ ဓါတ်ပုံတွေ ဖော်ပြထားတယ်။ ၀ါသနာပါရင် လေ့လာနိုင်အောင်သတင်းပေးတာနော်..
![]() |
| photo Daily News |
ရန်ကုန်မှာ ဒီလို ပိုက် ဆံ ချမ်းသာတဲ့ အသက်ကြီးကြီး အန်ကယ်ကြီးတွေ (အန္တရယ်ကြီးတွေ) ကို ရယ်ဒီမိတ် တွေလို့ခေါ်တယ် လို့ကြားဘူးတယ်။ အသက် ကြီးပြီးဆိုတော့ အချိန်မရွေး ကြွ နိုင်တယ်။ ကံကောင်းရင် အိပ်ယာထဲမှာတင် ဘ၀ကူးသွားနိုင်တော့ ကျန်ရှိပစ္စည်း ကျမ ပိုင်ပေါ့။ ဟုတ်ဘူးလား။
အဘထ ဆိုတာ ဒါကို ခေါ်တာပေါ့နော်။ အဘထ နဲ့ အမောလုံ နဲ့ တွေ့ ရင်တော့ ပွဲသိမ်းပြီမှတ်.။
အော်...ပိုက်ဆံ တန်ခိုး တယ်ကြီးပါလား..
အော် မေးပါရစေ....သတိုးသမီးလောင်းလေး က သတိုးသားလောင်းဖိုးဖိုး ကို ဘယ်လိုခေါ်မလဲဆိုတာ သိရင် ပြောပါလား..
ဖိုးဖိုး လား.. ကိုကို လား.. သမီးရဲ့ဦး လား..ဖေဖေကြီးလား..ဆိုတာ ...
ပျော်ရွင်ကြပါစေ...

No comments:
Post a Comment