December 19, 2010

နယူးယောက် ရဲ့ဒီဇင်ဘာညများ





credit internet
၂၀၁၀ နှစ် အတွက် နယူးယောက် ရော့ကီဖဲလား စင်တာ မှာ မီးအလှထွန်ညှိ မဲ့ ခရစ်စမတ်သစ်ပင်အလှုရှင် အက်တာ တို့မိသားစုကို သူတို့ပိုင်တဲ့ နော်ဝေးစပူး အပင်မခုတ်လဲမီရိုက်ထားတဲ့ပုံပါ။




credit internet



ခရစ်စမတ်သစ်ပင် အမျိုးအစားက နော်ဝေးစပူး လို့ခေါ်တဲ့ အမြဲစိမ်းသစ်ပင်ဖြစ်ပါတယ်။နော်ဝေးနိုင်ငံမှာအများဆုံးပေါက်ရောက်ပါတယ်။သစ်ပင်ရှာဖွေရေးအဖွဲ့ က အီရစ် ပတ်(ဇ်) က တနှစ်လောက်အချိန်ယူပြီး နယ်လှည့်ရှာဖွေခဲ့ပြီးမှ သူတို့စိတ်တိုင်းကျ သစ်ပင်ကိုရခဲ့တာပါ။ ဒီနှစ် မီးထွန်းညှိမဲ့ သစ်ပင် အမြင့်က ၇၄ ပေမြင့် ပြီး အကျယ်အ၀န်းက ပေ ၄၀ ရှိပါတယ်။ ၁၂ တန်လေးပါတယ်။သက်တမ်း ၇၅ နှစ်ရှိတဲ့ ဒီသစ်ပင်ကို လှူတဲ့ အလှူရှင်မိသားစုက နယူးယောက်ပြည်နယ် မဟိုပက်မြို့က စတက်ဖနီ အက်တာ နဲ့ ပီတာ အက်တာ တို့ မိသားစုဖြစ်ပါတယ်။နယူးယောက်မြို့ တော် အတွက် သစ်ပင်လှူတမ်းတဲ့ ပီတာအက်တာ ကလဲ နယူးယောက်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အရပ်ရပ်က သစ်ပင်အလှူရှင်တွေအမြောက်အများထဲက သူတို့ရဲ့သစ်ပင်ကိုရွှေးချယ်လိုက်တာပါ။ သစ်ပင်ရှာဖွေရေးအဖွဲခေါင်းဆောင် အီရစ်ပတ်(ဇ်)က စတက်ဖနီရဲ့အိမ်တံခါးကိုခေါက်ပြီး သူမတို့ သစ်ပင်ကို အလှူခံပါတယ် လို့ ပြောတာ ရီစရာစကားလို့ထင်ခဲ့တာပါတဲ့၊ ဒီနှစ် အတွက် နယူးယောက်မြို့အတွက် ခရစ်စမတ်သစ်ပင်အလှုရှင် ဖြစ်ရလို့ အရမ်းဝမ်းသာရကြောင်းနဲ့ ဒီသစ်ပင်ဟာသူမတို့ မိသားစုဘ၀ တပိုင်းဖြစ်ကြောင်း အားရ၀မ်းသာနဲ့သတင်းတောက်တွေကိုပြောပါတယ်။ သစ်ပင်ကို နယူးယောက် မြို့ကနေ မိုင် ၅၀ ကျော်ဝေးတဲ့ မဟိုပက် လို့ခေါ်တဲ့မြို့ ငယ်လေးကနေ ညဘက် မှာ သယ်ယူပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ က ကရစ်စမတ်သစ်ပင်ကို မီးထွန်းညှိတဲ့ အခမ်းအနားကို နယူးယောက် ရော့ကီဖဲလား စင်တာမှာ ခမ်းနားစွာကျင်းခဲ့ပါတယ်။ သစ်ပင်ကို အဲလ်အီးဒီ ရောင်စုံ မီးလုံးပေါင်း ၃၀၀၀၀ နဲ့ ၅ မိုင်မျှ ရှည်တဲ့ ၀ါယာကြိုးတွေနဲ့ လှလှပပ ထွန်းညှိထားပါတယ်။



credit internet





credit internet




(photo credit internet)
ခရစ်စမတ်သစ်ပင်မီးထွန်းထဲ့ အခမ်းအနားမှာတွေ့ရတဲ့ အလှူရှင်မိသားစု





(photo credit internet)
မီးရောင်စုံနဲ့ လှပနေတဲ့ စတက်ဖနီတို့ ရဲ့ခရစ်မတ်သစ်ပင်
 ၄၂လမ်း ဘရိုင်ရင့် ပန်းခြံ က ခရစ်မတ် သစ်ပင် နဲ့ ရေခဲပြင်စကိတ်ကွင်း ။ ဒီခရစ်မတ် သစ်ပင် က ရော့ကီဖဲလားစင်တာက သစ်ပင်ထက် သေးပေမဲံ သူက ပိုလှတယ်လို့ထင်တယ်.





ဘရိုင်ရင့် ပန်းခြံ မှာ ယာယီဆောက်ထားတဲ့ စားသောက် ဆိုင်အဆောက်အုံပါ။




ကဲ..စာဖတ်သူမှာ ဒီလို ကြီးမားလှပတဲ့ ခရစ်မတ်သစ်ပင်များ ရှိရင် နောက်နှစ် 2011 မှာ အရွှေးခံရအောင်ဒီနှစ်ထဲက သစ်ပင်ရှာဖွေရေးအဖွဲ့ ကို အသိပေးထားဘို့သတိပေးပါရစေ....

1 comment:

  1. ဟင့်အင်း ဖွက်ထားမှာ..

    ReplyDelete