October 29, 2011

Let's Go To Bear Mountain Foliage ရောင်စုံ သစ် ရွက် တော သို့ လိုက်ခဲ့ ပါ





အောက်တိုဘာ လ ဆောင်း ဦး ပေါက် ရာသီ ရောက် ပြီ ဆို ရင်  အမေရိကန် အရှေ့ဘက် အခြမ်း
ပြည်နယ်တွေ အတွက် ဆို Fall လို့ ခေါ်တဲ့ သစ်ရွက်ကြွေ ရာသီ ရောက် ခါနီးချိန်ပါ။ သစ်ရွက် တွေ အပင် ပေါ်က မကြွေ ကျ မီ ၊ သူသဘာဝ အရ အစိမ်းရောင် ကနေ အ၀ါေ၇ာင် သို့ မဟုတ် အနီ ရောင် ကို ပြောင်းပြီ မှ ရွက်ကြွေ လေ့ ရှိပါတယ်။ ကျွန်တော် တို့ မြန်မာပြည်က သစ်ပင် တွေ လဲ အရွက် မကြွေမီ အစိမ်း ရောင် ကနေ သစ်ရွက် ခြောက် အရောင် ကို ပြောင်းလဲသလို ၊ ဒီက သစ်ပင် တွေ လဲ မကြွေမီ အရွက် တွေ အရောင်ပြောင်း ကြပါတယ်။ အင်္ဂလိပ်လိုတော့ Foliage လို့ခေါ် တာ အားလုံး သိ ကြ မှာ ပါ ခင်ဗျာ။  ဆောင်းတွင်းမှာ အအေးဒါဏ်ကြောင့် သစ်ပင်တွေ အရည်ခန်းခြောက်မှု နည်းပါးအောင် သူတို့ ရဲ့ အရွက်တွေ ကို သဘာဝ အလျှောက်  ကြွေချ ပေး ရပါတယ်။ အဲဒီ လို သစ်ရွက်တွေ မချွေ ချ ရင် အပင်တွေ အလျှင် အမြန်ဆိုသလို ရေငွေ့ ပျံပြီး သေကုန်မှာ ပါ။
သစ်ပင်ရွက်တွေ အရောင်ပြောင်းတဲ့ သဘာဝ အလှ ကို ကြည့် ဘို့ အတွက် Bear Mountain ဆိုတဲ့ နယူးယောက်ပြည် နယ် ပန်းခြံကို တနင်္ဂနွေ တရက် အရောက်သွားခဲ့ ပါတယ်။
Bear Mountain ဆိုတာ နယူးယောက် က ဆိုရင် မိုင် ၅၁ မိုင် ကျော်ကျော် မောင်းရပါတယ်.. အချိန်အားဖြင့် ၁ နာရီ ၁၅ မိနစ် လောက် မောင်းရင် ရောက် ပါတယ်။ Bear Mountain ဟာ နယူးယောက်ပြည်နယ် ပိုင် သဘာဝ သစ်တော တခုပါ။ အဲဒီ သစ်တော လေး က သူ့သဘာဝ အလျောက် သစ်ပင် တွေ တော တောင် တွေ နဲ့ လှပ နေတာပါ။ အဲဒီ သဘာဝ သစ်တော ပန်းခြံထဲမှာ လှေစီး၊ ငါးမျှား၊ လုပ်လို့ ရတဲ့ အပြင်၊ တောင်တက် ၊စက်ဘီးစီး လုပ်လို့ ရတဲ့ အပြင်၊ ပျော်ပွဲစား ထွက် ပြီး အသားကင် စားပွဲတွေ လုပ် ကြတာ တွေ့ ရ ပါတယ်။ ကျွန်တော် ရောက်ခဲ့ တဲ့ တနေ့ သော တနင်္ဂနွေနေ့ က ဆို ရင် အပျော်တမ်းတီးဝိုင်းတွေ၊ ဂျာမန်ဘီယာရောင်းပွဲတော် လုပ် နေ တာ မို့ ပန်းခြံ ထဲ မှာ ကား တွေ လူ တွေ နဲ့ တော် တော် လေး ကို စည်ကားနေပါတယ်။  သွား ခဲ့ တုံး ရိုက် ခဲ့ တဲ့ ဓါတ်ပုံ လေး တွေ နဲ့ ပိုစ် တခု ဖန်တီး လိုက် ပါတယ်။ ဓါတ်ပုံ ပညာနဲ့ ပတ်သက် ပြီး အကြံ ပေး တာ ၊ ဝေဖန် တာ၊  အသိပညာ မျှ ဝေတာ ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။



Bear Mountain State park ရဲ့ တခုထည်းသောဧည့်သည်ဆောင်။ အထဲမှာ စားသောက်ဆိုင်နဲ့  အမှတ်တရ ပစ္စည်း အရောင်းဆိုင် ရှိုပါတယ်။ စားသောက်ဆိုင် က ဈေးကြီးပါတယ်။ 


အဲဒါ ကျွန်တော် တို့စားတဲ့ နံနက်စာ။ အခုမြင်ရတဲ့ Bacon နဲ့ ကြက်ဥကြော်၊ သီးစုံ ကို ၁၂ ဒေါ်လာပေးရတယ်။  ဈေးအင်မတန်ကြီးပါတယ်။  ကျွန်တော် တို့ ရောက် တာ နံက် ၁၀ နာရီဆိုတော့ အပြင် က ဈေးပွဲ တော် က ခင်းကျင်းတုံးပါ။ ဆာနေတာနဲ့ ၀ယ်စားလိုက်တယ်။




အမှတ်တရပစ္စည်းအရောင်းဆိုင်ပါ။ အခင်း ကျင်းက တော့ တော်တော် လေး ကို လှပါတယ်။ ဘာမှ မ၀ယ် ခဲ့ပါ.။ ကျွန်တော် က ဓါတ်ပုံရိုက် ရ ရင် ကျေနပ်နေပါတယ်။



ဒါက PARK က နေ တံထားကူး ပြီး တောင်ပေါ်ကိုကားနဲ့ တက်စဉ် က တောင် အောက် ကို မြင်ရတဲ့ပုံပါ။


တောင် စောင်းအကွေ့ မှာ ဆီတင် ကားကြီးဝင်လာတာ လှ လို့ ရိုက် ထားတာပါ။ လေ က လဲ အေး အေး လေး တိုက် နေတာ။ မြန်မာ ပြည် မှာတုံးက မေမြို့ ကို ကားမောင်းတက် ခဲ့ တာ သွား သတိရတယ်။



တယောက်ထဲ လျှောက် နေတာ ဆို တော့ အဖေါ် လိုတာ သေချာတယ်။ လမ်းလေး က ရောင်စုံ သစ်ပင် လေး တွေ နဲ့ လှနေတာ မြင် တဲ့ အတိုင်းပါပဲ။


နီနီ ရဲရဲ သစ်ပင် က အားလုံး သော အရောင်စုံသစ်ပင် တွေ ထဲမှာ အပေါ်လွင်ဆုံး အရောင်ပါ။ သဘာဝ အလှ က ရင် ကို အေးခြမ်းစေပါတယ်။ ခံစား ကြည့်ပါ။

ထိုင်သူမဲ့ ထိုင်ခုံလေး။ သစ်လုံးတွေ နဲ့ ဖန်တီး ထားတာ။ COUNTRY STYLE မို့ အနီးကပ်ရိုက် ထားပါတယ်။













တောင်ပေါ်တက်သူ တွေ က လဲ အဖွဲ့ လိုက် ပျော်စရာ ကောင်းတယ်။ ရာသီဥတု က အေး နေတော့ တောင်ပေါ် လမ်း ဖြစ်ပေမဲ့ ချွေးမထွက် ပါ။ ခရီးတွင်တယ်။


































မသောက်လိုက်ရတဲ့ ဘီယာ။ အတူသွားတဲ့ သူငယ်ချင်း နှစ်ယောက် သောက် တဲ့ ခွက် နှစ်ခွက်။ ကျွန်တော် ကားမောင်းရမှာ မို့ မသောက် တာ။ နို့်မိုဆိုရင် ဒီ လိုပွဲ မျိုး မကြုံတာ ကြာပါ ရောလား။






 ဘာ လူမျိုး လည်း မသိပါ။ ကျွန်တော်ထင်တော့ အိုင်းရစ် လူမျိုး  နဲ့ တူတယ်။ ဦးထုပ် အစိမ်း ရောင်ဝတ်ထားလို့။ သေချာ မသိပါ။




                                                              ဘီယာ ပွဲတော် လေ။  



ဈေးသည် ရဲ့ ခြင်တောင်းလည်း ချမ်းသာ မပေးဘူး။ လှ ရင် တော့ ဓါတ်ပုံ ထဲ ပါမှာ ဘဲ။




ဓါတ်ပုံ တွေ တခါထည်း များများ အပြီးတင် လိုက် တာ နောက် နေ့ တွေ မှာ အလုပ် များမှာ ခင်ဗျာ။  ဘီယာ နဲ့ ဇာတ်သိမ်း ပါတယ်။ မသောက် လိုက် ရ လို့ စိတ်မကျေ ပွဲ အိမ်ရောက် မှ အတိုးချ ပြီး သောက်မိပါကြောင်း။
အလည်လာ သူ များကို ကျေးဇူး တင် ပါ ကြောင်း ပြောပါရစေ။
သစ်ရွက် ရောင်စုံ တော မှာ အား လုံး ပျော်ရွှင် ကြပါစေ။

3 comments:

  1. ရှုခင်းပုံတွေ တအားလှတာဘဲ
    ဓါတ်ပုံရိုက်ထားတာလည်း ကြည်လင်ပြတ်သားနေတော့ ကြည့်ရတာ တကယ်ကို နှစ်သက်စဖွယ်ပါဘဲ
    တစ်ချို့ပုံလေးတွေ desktop ပေါ်တင်ဖို့ ကူးသွားတယ်
    ခွင့်ပြုပါ.. အပေါ် ဒုတိယပုံဖြစ်တဲ့ ကျောက်တုံးတွေနဲ့ဆောက်တဲ့ ဧည့်ခန်းဆောင်လည်း သဘောကျတယ်...
    သစ်ရွက်နီနီ .. ရေကန် စိမ်းစိမ်း.. ကောင်းကင်ပြာပြာ.. ဘီယာဝါဝါ
    အားလုံး သဘောကျတယ်..း)
    ပုံတွေ တကယ်ကို လှပါတယ်..

    ReplyDelete
  2. အိုး..လှလိုက်တဲ့နေရာလေး သွားချင်လိုက်တာ။
    ငါးမျှားချင်တယ် စက်ဘီးလဲစီးချင်တယ်။
    ချောင်းရှေ့ကသစ်လုံးထိုင်ခုံလေးမှာထိုင်ပြီး စာအုပ်ဖတ်မယ် ဗိုက်ဆာရင်ငါးမျှားပြီးငါးကင်စားမယ် ပြီးရင်စက်ဘီးစီးပြီးဓာတ်ပုံလျှောက်ရိုက်မယ်
    ဟဲဟဲ... နောက်ဆုံးမှအမောပြေ ဘီဘီလေးနဲ့ချွေးသိပ်လိုက်မယ်း)

    ReplyDelete
  3. အရမ်းလှ တဲ့ရှုခင်းတွေရယ် ရေကန်ရယ် ဘီယာတွေရယ်
    လှပတဲ့အရူပ်လေးတွေအားလုံး အားလုံးအတွက်ကျေးဇူးပါနော်
    တစ်ခို့ပုံလေးတွေကိုကြည့်ပြီး တောင်ကြီးကိုလွမ်းမိပါတယ်။
    ခင်မင်တဲ့ jasmine

    ReplyDelete