![]() |
| photo depositphotos.com |
အားလုံး ကို နှစ်သစ်မှာ ပျော်ရွှင် မှု အပေါင်း နဲ့ ပြည့်စုံ ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
အမှန်တော့ နယူးရီးယား အကြို ည မှာ နယူးယောက် နဲ့ နံမည်ကျော် တိုင်းစကွဲးယား မှာ ဓါတ်ပုံ ရိုက် မထွက် နိုင်တာ နဲ့ ရန်ကုန် က ရိုက် ခဲ့တဲ့ ပြည်တော်ပြန် ဓါတ်ပုံ လေး တွေကို တင်ပြ ရင်း ၂၀၁၂ နှစ်သစ်ကို ကြိုဆို လိုက်ရပါတယ်။
၁၀ စုနှစ် တနှစ်နီးပါး ပြန်မရောက် ဖြစ်တဲ့ မြန်မာပြည် ကို ဒီဇင်ဘာ လအတွင်းက အလည်ရောက် ခဲ့ ပါတယ်။ မဂ်လာဒုံ နိုင်ငံတကာ လေဆိပ်အသစ်ကြီး က ကျွန်တော် အတွက် အသစ် ဖြစ် နေပါတယ်။ ရန်ကုန် လေ ဆိပ် က လူဝင် မှူ ကြီးကြပ်ရေး ဂိတ် အ၀င် တွေက လဲ နိုင်ငံ တကာ လေဆိပ် အဆင်အပြင် အတိုင်း ပြင်ထားပါတယ်.။ နိုင်ငံအတွင်း ၀င် လာတဲ့ သူ များကို ဓါတ်ပုံ ရိုက် မှတ်တမ်းတင် ထားပါတယ်။ ပါလာတဲ့ ပစ္စည်းရွေး ပြီး အကောက်ခွန် ကောင်တာ ကို ဖြတ် တဲ့ အခါ အရင် လို စစ် စစ် ပေါက် ပေါက် စစ်ဆေး တာ မျိုး အရှိပဲ အိတ်စရေး စက် တဲ ဖြတ် ခိုင်း ပြီး စစ်ဆေး ပါတယ်။ အလွန် အချိန်ကုန် သက်သာ တဲ့ အပြင် စိတ် အနှောက်အယှက် ကင်းစွာ နဲ့ ထွက် ပေါက် ကို သွား နိုင်ပါတယ်။ ကျွန်တော် ပါ လာ တဲ့ ကင်မရာ တွေ နဲ့ ဆက်စပ် ပစ္စည်း တွေကို ဘာမှ မေးမြန် ခြင်းမရှိပဲ ထွက် ခွင့် ပေး ပါတယ်။ ယခင် နှစ် ပေါင်း များစွာ က ကင်မရာ ပစ္စည်း နဲ့ ပတ် သက် ရင် အလွန် စီစစ် တတ် ပါတယ်။ အခုတော့ ဘာ မေးခွန်း မှ မေး မြန်ခြင်းမပြုပါဘူး။ စိတ် ထဲ က တော့ အင်း.... ဒီမိုကရေစီ လွတ် လပ်ခွင့် အရိပ် အရောင် လမ်း စ တော့ ရောက် ရောက် ချင်း ခံ စား ရ ပြီ လို့ ပီတိ ဖြစ် မိပါတယ်။
တိုင်စီ တစီး ဌား ခ ကျပ် ၇၀၀၀ ပေးရပါတယ်။ သွားတဲ့ နေရာက ဗဟန်း ပုလဲ ကွန်းဒို နာ က WISH ဟော်တယ် ကိုပါ။ အဲဒီ ယော်တယ် မှာ တညကို ကျပ် ၂၀၀၀၀ ပေး ရပါတယ်။ ဟော်တယ် က အခန်းက တော် တော် လေးသန့်ပါတယ်.အိမ်သာ ရေချိုးခန်း က လည်း သန့်ရှင်း ပါတယ်။ ဟော်တယ်မှာ အခန်း ၃၀ ကျော်ရှိပါတယ်။ ကျွန်တော် ရောက် တဲ့ လ မှာ ဧည့်သည် တော်တော် များ တဲ့ လမို့ ကျွန်တော် အတွက် အခန်း ကို တပါတ် ပဲ တည်း ခွင့် ရ ပါတယ်.. ကဲပါ ခင်ဗျာ.. ကျွန်တော် လေ ရှည် တာနဲ့ ဓါတ်ပုံတင် တဲ့ အခန်း မရောက် နိုင်တော့ ဘူး..။ဓါတ်ပုံ တွေ ကြည့် ရင်း ကိုယ့် မွေး ရပ် နိုင်ငံ ကို အမှတ် ရ နိုင် ကြပါစေ။။
နောက်တနေ့ နံက် မှာ ပထမဦးဆုံး ရွှေတိဂုံစေတီ တော်ကို သွားဖူးဖြစ်ပါတယ်။
အရှေ့ဘက် မုဒ် က အာရုံခံတန်ဆောင်းပါ
တရားထိုင်သူ ၊ ပုတီးစိတ်သူများ အမြဲတမ်းပြည့်နေတတ်တဲ့ အရှေ့ ဘက်မုဒ်နားကအာရုံ ခံ တန်ဆောင်းပါ
အရှေ့ဘက် မုဒ် ဆောင်းတန်းအတွင်း ရောင်းနေ တဲ့ မြန်မာ့ ရိုးရာ ကစားစရာ အရုပ်များနဲ့ ပုသိမ်ထီး
စိတ်ပုတီး လှလှ လေးတွေ ၀ယ်သွားကြအုန်း။ အပြာရင့် နဲ့ အပြာ နု အစိမ်း နု ထီး လေး တွေ ဆင်ထားတာ အရောင်လိုက်ဖက်တယ်။ ကြည့်ကောင်း တာနဲ့ ရိုက် ထားလိုက်တာ။
ကရ၀ိတ် ကို အဝေး က နေ ရိုက်တာ. ပုံကို တော့ သိပ်မကြိုက် ပါ။ မီးရောင်စုံ လို့ တင်လိုက်တာပါ။
အောက် က ပုံ(၃) က ကန်တော်ကြီး ထဲ မှာ ရိုက်ထားတာဖြစ်ပါတယ်..ယခင် ယိုးဒယားဟော်တယ်ကို ထူးဒရေးတင်း က လက်လွဲ ယူတယ် ကြားပါတယ်။ ဟော်တယ် ကို တိုးချဲ့ ပြုပြင် နေတာ တွေ့ ခဲ့တယ်။ အဲဒီ ပုံ ရိုက် နေတုံး မရိုက် ဘို့ တာမြစ်တဲ့ ကြား က ဒီ ပုံ လေး ရ အောင် ရိုက် ခဲ့ ပါတယ်။ ည မိုးချုပ် အောင် လို့ ခြင် အကိုက် ခံ ပြီး စောင့် ရိုက် ခဲ့ ရပါတယ်။ နောက်ဆုံး လုံခြုံရေး ၀န်ထမ်းက တားမရ တာ နဲ့ မီး တွေ ပိတ် မှောင်ချ လိုက် ပါတယ်။ ကျွန်တော် တို့ လဲ ပြန် ရော မီးလုံး တွေ ပုံမှန်အတိုင်း ပြန်ထွန်းထားတာတွေ့ လိုက် ရတယ်. ။ ဘာဘဲပြောပြော ဒီ ပုံ လေး ကို ကျွန်တော် တော်တော် သဘောတွေ့ တယ်.။ ခြင်ကိုက် ခံရ ကျိုးနပ်ပါတယ်။
အောက်မှာ မြင်ရတဲ့ ပုံတွေ က ကျွန်တော် ယုဇန ဟော်တယ် ကို ပြောင်းတည်းတဲ့ ည က ဟော်တယ် ရဲ့ ၁၁ ထပ် ကနေ ရိုက်ယူတဲ့ ပုံတွေ ပါ။
အပေါ် က ပုံ က ယုဇနဟော်တယ် ၁၁ ထပ် က နေ ရွှေဂုံတိုင် လမ်းမကြီးကို မြင်ရတဲ့ပုံဖြစ်ပါတယ်။ ရွှေဂုံတိုင်မီးပွိုင့်ကို မျက်နှာ မူပြီးရိုက် ထားတာပါ။
အပေါ်က ပုံ က ရွှေဂုံတိုင် လမ်းမကြီးကို ဥူးဝိဇယ လမ်းဘက် (အာဇာနည်းကုန်း) ဘက် ကို
မျက်နှာမြူ့ပီးရိုက်ထားတာပါ။














































