ဘလောက်ကို လာလည် လို့ အသစ် တင် တာ မတွေ့ ရ ရင် စိတ်ပျက်ပြီး ပြန်သွား ရတာ ကို ကျွန်တော် လည်း ခံစား ဘူးတော့ မအားလပ် တဲ့ အထဲ မှာ အချိန်လုပြီး ရန်ကုန် အပြန် ဓါတ်ပုံ လေး တွေ နဲ့ Daily Life in Yangon ကို ဖန်တီး လိုက် ပါတယ်။ အားပေး ပါ အုန်းခင်ဗျာ...။
စားဖို့ လောက် တော့ ကျန်အောင် ရောင်းရတာပေါ့ သားရယ် လို့ ပြော တဲ့ အဒေါ် က နေ့စဉ်ဆိုင်ထွက် မှ တရက် အတွက် ထမင်း ဘိုး ရ ပါတယ်။ တနေ့ စာ စားရတယ် လို့ ဆိုပါတယ်။ အဒေါ် ကြီး က တော့ သူဘ၀ ကို သူပျော်နေပုံ ရပါတယ်။ ပျော်အောင်နေ တတ် အောင်လို့ လဲ ဘ၀ က သင်ပေးလိုက် တာ မဟုတ် လား။
သားအဖ လို့ ထင် ပါတယ် ။ အဲဒီ နေ့ က နေက လဲ ပူလိုက် တာ ဗျာ. ။ ဒီဇင်ဘာ လ နေ့လည်ခင်း နေ က တော် တော် ကို ပူပါတယ်။ ပဲခူး သွားတုံးက လမ်းပေါ် မှာ တွေ့ တဲ့ သား အဖ ကို စိတ် မကောင်း လို့ ။ဒီ ခလေး အရွယ် က ကျောင်း နေ ရမဲ့ အရွယ် မဟုတ်လား။ စားဝတ်နေရေး အဆင် မပြေတော့ အဖေ ကို ၀ိုင်း ကူ လုပ် ပေး နေ ရတယ်။ နေပူထဲ မှာ သား အဖ နှစ်ယောက် ဘိနပ် လဲ မပါ ကြဘူး။
"လေဒီဂါဂါ" ညှပ် နေ ကျ ဗြူတီ ပါလာ လို့ ပြော တယ်။ ဆိုင် ရှုင် က အဲယားကွန်း တပ်ဘို့ အတွက် မီတာဘောက် လျှောက် ထား ကြောင်း အားရ ၀မ်းသာသတင်းကောင်းပါး လိုက် သေးတယ်။
ရန်ကုန်မြို့ ဗဟန်း မီပွိုင့် မြန်မာ အလင်း သတင်းစာ တိုက် ရှေ့ မှာ နေ့စဉ်ထုတ် သတင်းစာ ရောင်း သမားများ စုဝေ; ချိန် ပါ။
ဂျာနယ် ရောင်း သမား ထံ က Favorite News တစောင် ၀ယ် လိုက် ပါတယ်။ဟီလရီ ကလစ်တန် နဲ့ အန်တီစု တို့ တွေ့ ဆုံ ပုံ ပါ လို့။
ဗိုလ်ချုပ်ဈေး မှာ ရောင်းတဲ့ ဈေးသည်။ သရေယို နေတယ်မဟုတ်လား ။ အချဉ်စား တာ တွေ့ ရင် သရေယိုတယ်..ရွှေ ၀တ် တာ တွေ့ ရင် သရေ မယို ဘူးပြော ကြ တယ်..
မှတ် မိတယ် မဟုတ်လား။ ဗိုလ်ချုပ်ဈေး မိန်းပေါက် အ၀င် မှာ ရောင်း နေ ကျ ပန်းချီ ကားဆိုင် ပါ။
786 စမူဆာသုတ် လေ.. စားသွားပါ အုန်းလား။ ငရုတ်သီးကြော် လေး ကိုက် ရင်း စားလိုက် ရ ရင် တော် တော် စားကောင်း မယ်ထင် တယ် ။မစားဖြစ် ပါ ဘူး။ ဓါတ် ပုံ ရိုက် ချင် တာ တွေ က များနေတော့ မျက်စေ့ထဲ မြင် သမျှ ရိုက် ချင်စရာတွေ လွတ်သွားမှာ စိုးလို့ ထိုင် စား တာ နဲ့ အချိန် ကုန် မခံ တော့ ဘူး။
ဘားလမ်း အပေါ်လမ်းက စာအုပ်တန်း.. သုမောင် စာ အုပ် တွေ မ လာ တယ်။ ဦးသုမောင် စာ ရေး တာ သိပ် ကြိုက် တယ်။ ဘာ မဟုတ် တဲ့ အကြောင်းအရာ လေး တခု ကို ၀ထ္ထု တပုဒ် ဖန်တီး နိုင် တယ်။ "သု"့ ရဲ့ အနုပညာ ပေါ့ နော်..
ဘတ်စ်ကားခ က ဘယ်သွားသွား ၂၀၀ ကျပ် တဲ့ ။ ဘတ်စကား စီး တာ လမ်း တွေ မမှတ် မိ လို့ ဆင်း မဲ့ မှတ် တိုင် ကျော် ကျော် သွား တယ်။
ကြုံတုံးရီ စရာ ပြော ဖို့ တခုရှိတယ်။
စာရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ (ဦး) သုမောင် လူပျို တုံးက အင်းစိန် မှာ နေတဲ့ ဆရာ ငြီမ်းကျော် အိမ် က အပြန် မှာ ဘတ်စ်ကား စပယ်ရာ က မှတ်တိုင် ပါ လား လို့ မေး နေ ကြ အတိုင်းအော် မေး တာ ကို ဆရာငြီမ်းကျော် နဲ့ စကားပြော အဆင် မပြေ ဖြစ် ခဲ့ လို့ စိတ် ဆိုးနေ တဲ့ (ဦး) သုမောင် ရုတ် တရက် ""မပါဖူး ""လို့ ထ အော် မိ တော့ ကားစပယ်ရာ က မှတ် တိုင် မပါ ရင် အော်စရာ မလိုဖူး နဲ့ လို့ ပြန်အော် တာ ကို (ဦး) သုမောင် ရေး ဘူးတာ ဖတ် ဖူး တယ်။
တွေးတွေးပြီး ရီ မိတယ်။ ကျွန်တော် ကြားဖူးတဲ့ ဂျိုင်းမွေး မှတ် တိုင် ပါတယ် လို့ အော် တဲ့ လူ လောက် မဆိုး ဘူး ထင် ပါတယ်။ (မကြားဘူးရင် နောက် တော့ပြော ပြ မယ်)
ဒါ က မြန်မာ မုန့်တွေ။ နယူးယောက်ပြန်မဲ့ နေ့ က ဈေးမှာ သွားဝယ်ရင်း ရိုက် ခဲ့ တာ။ လေယာဉ်ပေါ်ကို ဗူးနဲ့ ထည့် ပေး လိုက် တာ၊ ဂျာမဏီမှာ လေယာဉ်စောင့် တုံး ဆာ တာ နဲ့ အကုန်စား လိုက် တယ်။ ထည့် ပေး လိုက် တဲ့ "ခယ်မ" ကို ဒီ က နေ ကျေးဇူးတင် ပါတယ် ပြော ပါ ရ စေ။
အော်ဂယ်နစ် ဟင်းသီး ဟင်ရွက် တွေ စားချင် စရာ နော်. လတ်ဆတ် နေ တာ ပဲ။
အပေါ် ပုံက ကျောက်မြောင်း သီတာ ဈေး က ငါးခြောက် တန်းပါ။ ရောင်းတဲ့ပစ္စည်း တွေ က တော် တော် သန့် တယ်.။ သူဆိုင် က ငါးဖေါင်ရိုးခြောက် ၀ယ် ခဲ့ တယ်။
ငါးခြောက်တန်း ရောက် တော့ ဟို အရင် မြန်မာ ပြည် မှာ နေတုံး က ကြည့်မြင်တိုင် ညဈေး မှာ ကိုယ် တိုင် ကြုံ ခဲ့ တာ လေး ပြော ပါ ရ စေ။
ကြည့်မြင်တိုင် ညဈေး ငါးခြောက် ရောင်းတဲ့ ဆိုင် ရှေ့ ရောက် တော့ ဆိုင် ရှင် က အကို ဆတ်သား ခြောက် တွေ ကောင်းတယ်. ဆားပေါ့ တယ်။ဝယ် ပါ အုန်းတဲ့။
အဲဒီ တော့ ကျွန်တော် က သူ့ ဆိုင် ထဲ ကို ကြည့် ပြီး အမဲခြောက် ရှာ နေ တာ လို့ ပြော တော့ ဆိုင်ရှင် က အဲဒါ အမဲ ခြောက် ပဲ အကို ဆိုပြီး
အခုဏ က ဆတ်သားခြောက် လို့ ဆို တဲ့ အပုံ ကို လက် ညိုး ထိုး ပြ တယ်။ ဆတ်သားဆိုပြီး ပြော ရောင်း နေ ကြ တာ.။ ဘယ်က လာ ဆတ်သား တွေ အမြဲ ရ မလဲ အကို တဲ့ ။
ဒါနဲ့ အမဲ သား မစား တဲ့ ကျွန်တော် က ပြုံး ပြီး သူ့ ဆိုင် ရှေ့ ကထွက် လာ ခဲ့ တယ်။
ဓါတ်ပုံ မှာ မြင် တဲ့ အတိုင်း နွားနို့ ရောင်းတဲ့ သူ နဲ့ ကွမ်းယာ ရောင်းတဲ့ သူ တို့ နှစ်ယောက် နယူးယောက် က ဝေါစတိ ( wall Street) ကို လာ ပြီး စီးပွါး ရေး ဆန္ဒ ပြ မ လို့ အကြိတ် အနယ် တိုင် ပင် နေတုံး ကျွန်တော် လက်ချက် နဲ့ မှတ်တမ်းတင် လိုက် တာ။
မစားဖြစ် တဲ့ ၀က်သားထုတ် ထိုး။ သူများစား တာ ကို ဘေးက ထိုင် မှတ် တမ်း တင် ခဲ့ တာ။
ဝက်သားတုတ်ထိုး ဆိုင် က ကြက်သွန်ဖြူ ခွက် လဲ ချမ်းသာမပေးဘူး။
သတိရနေတဲ့ အတို့ အမြုတ် နဲ့ ငပိရည်ဖျော်
ကျွန်တော် ကြိုက် လှ ချည် ရဲ့ ဆို လို ကျွန်တော့် ညီ နဲ့ ခယ်မ က နံက်တိုင်း လိုလို ကျွေးတဲ့ နံက်စာ ပါ။ အခု တော့ ကျွန်တော် ဓါတ်ပုံ ကြည့် ပြီး ပဲ ကျေနပ် နေ ရ တယ်။ ပဲပြုတ် နဲ့ ထမင်း ၊ ဘူသီးကြော် (အိမ်မှာကြော် တာ) ၊ တောင်စွန်း က မုန့်ဖက်ထုပ် နဲ့ ကောက်ညှင်းမွှေး လက်ဘက်ခြောက် ခတ်ထားတဲ့ ရေနွေးကြမ်း ဖန်ဖန် တခွက် ...... ကျွန်တော် နဲ့ အတူ စား သွား ကြပါ အုန်း ။
အမိမြေ နဲ့ ဝေး နေ ကြ တဲ့ ညီအကို မောင် နှမ၊ တူ တူမ များ ဓါတ်ပုံတွေ ကြည့် ပြီး ပျော်ရွင်ကြပါစေ...... အလွမ်းဖြေ နိုင် ကြ ပါစေ...























နေ.လည်ထမင်းစားချိန်မှာ ဖတ်မိလို. သားရေကျလာပြီ။ ထမင်းသွားစားလိုက်အုန်းမယ်နော်
ReplyDeleteမမကျားကျား
အပေါ်ဆုံးပုံနှစ်ပုံနဲ့ ဘားလမ်းကစာအုပ်တန်းကိုသဘောအကျဆုံးဘဲ
ReplyDeleteပန်းဆိုတန်း လမ်း၄၀ ကစာအုပ်ဆိုင်တွေကိုအရမ်းသတိရတာဘဲ
ကျောက်မြောင်းသီတာဈေးကတော့ ဈေးကြီးပါ့း) အိမ်တောင်သတိရမိတယ်
လတ်လတ်ဆတ်ဆတ် အသီးအနှံတွေနဲ့ ပဲပြုတ်လေးလဲစားချင်လိုက်တာ
ကင်မရာမန်းရဲ့အရိပ်လေးလဲ တွေ့လိုက်တယ်းP
ကိုဆဲဗင်းဒီဇင်ဘာက ဓာတ်ပုံရိုက်တော်တာတင်မကဘူး ဟာသလဲပြောတတ်တာကိုး
ReplyDeleteဂျိုင်းမွှေးမှတ်တိုင်ဟာသလေးလဲပြောပြပါအုံး
ဟာသအကြောင်းလေးမန့်ဖို့မေ့သွားလို့ နောက်တစ်ခေါက်ပြန်လာမန့်တာ ဟီးဟီး
အချဉ်ပေါင်းတွေ့တာ စားချင်လိုက်တာ
ReplyDeleteရန်ကုန်ရောက်မှ သွားစားဦးမယ်
စာအုပ်ဆိုင်လဲ မွှေချင်သေးတယ်.
မြန်မာမုန့်တွေလဲ အဝစားချင်သေးတယ်.
မြေနီကုန်းက ရွှေရည်ဆိုင်ကို သွားရဦးမယ်
ဝက်သားတုတ်ထိုး..
အင်း အဲဒါလည်း စားရမဲ့စာရင်းထဲပါတယ်.။
အိုး စားချင်စရာတွေချည်းပါလားနော်။.